-文本歌词

-文本歌词

X-Boxin
发行日期:

အပြာရောင်မိုးသားကောင်းကင်အောက်မှာ မင်းနဲ့ငါ ၂ ယောက်ထဲ

မေတ္တာသုတ်ရွတ်ပြီး ရန်သူအားလုံးကိုစာရင်းထဲမှာ ဖျောက်ခဲ့

မင်းကအချစ်နဲ့ဘဝကို မရင်းရဲမှာကြောက်တယ်

ငါကတော့ မာနကိုမြေမှာမြှုတ် မချောမွေ့တဲ့လမ်းပေါ် နင်းခဲ့ကာ လျှောက်တယ်

( I am falling love with you

I am falling love with you )

နိိမိတ်မရှိ နမာမရှိ လမ်းခွဲတာ လုံးဝမဖြစ်ချင်ဘူး

ရန်ကုန်မြိုကြီးက သိပ်ကျဉ်းကျပ်တယ်

အနေတွေဝေးနေလဲ စိတ်ချင်းဆက်နွယ်

မင်းမကြိုက်တဲ့ဆေးလိပ်လဲ တလိပ်ချင်းဖြတ်မယ်

အရမ်းချစ်တယ်ပြောပြီး Facebook password ကျတော့မပေးဘူး အူပုတ်တယ်

မင်းရည်းစားဟောင်းတွေက ငါ့လောက်တောင် မချော လဒူရုပ်နဲ့

ရှိသမျှလေးအတူစုဗူးထဲကိုထည့်

နှစ်ယောက်ပေါင်းအမြဲတမ်း အလှူလုပ်မယ်

စိတ်ထဲမှာ အကြိတ်အဖုတွေရှိရင်လဲ နားလည်မှုနဲ့ အတူထုတ်ဖယ်

ဒါဆို ကိုယ်တွေကြားထဲမှာ ဘယ်သူရှုပ်မလဲ

(CHO)

မင်းနဲ့ မင်းနဲ့ Ever ရန်ဖြစ်တယ် ပြန်ချစ်တယ်

ငါကတော့ ခံစစ်ပဲ မင်းနဲ့

ရူးလောက်အောင်ချစ်တယ်

ချစ်သလောက်လဲ ရူးတယ်

ဘယ်တော့မှ လမ်းမခွဲပါနဲ့

ငါ့လက်က်ိပဲ အမြဲတွဲပါ

မင်းနဲ့ မင်းနဲ့

ကလေးတွေမွေးမယ်

အသက်တွေကြီးလဲ ငါတိုနှစ်ယောက်က ဆေးပေးမီးယူ

မင်းနဲ့ da da da

မင်းနဲ့ da da da

ဘယ်တော့မှ လမ်းမခွဲပါနဲ့

ငါ့လက်ကိုပဲ အမြဲတွဲပါကွယ်

မင်းစိတ်ညစ်တဲ့အခါ ဘုရားပေးထားတဲ့

ငါ့ပခုံးနှစ်ဖက်က မင်းအားကိုးရာ

သီချင်းတွေရေးတော့ မှောင်နေတဲ့ အနာဂတ်အတွက် အလင်းများတိုးလာ

တခါတရံ အမည်မသိ ဖုန်းနံပတ်တွေက သန်းခေါင်ကျော်ရှုပ် ရှုပ်

နှမတော် မျက်ရည်ကျမဲ့အလုပ်မောင်တော်မလုပ်

စိတ်ဆိုးရင် ပြန်ချော့မယ်

ဗိုက်ခေါက်လိမ်ဆွဲတော့လဲ မင်းဆွဲတာလေးပဲခံတော့မယ်

ယုံကြည်ပါဟေး ယုံကြည်ပါဟ

ထွက်နေတဲ့ဒေါသလေးက တစ်ပိသာတောင် မပြည့်သေးဘူး ကုန်ပြီလား

ပေါက်တတ်ကရ လုပ်မယ်ဆိုပြီး

အကြံတူပြီး တအားဆို အလွဲကြီး

လက်တွေမြဲပြီး ချစ်သွားမှာ ဆံဖြူပြီးသွားကျိုးထဲအထိ

ဖုန်း bill ကို ရေလိုသုံးပြီး Talkie ဖုတ်တာ မင်းနဲ့

ရုပ်ရှင်ရုံထဲမှာ ရုပ်ရှင်မကြည့်ပဲ အနမ်းတွေကြဲတာ မင်းနဲ့

ခွေးလေးမွေးပြီး ကန်တော်ကြီးမှာ ခွေးကျောင်းခဲ့တာ မင်းနဲ့

ဘေထုပ်ထဲက အဝတ်အစားတွေမှ ရွေးပြီးဝယ်တာ မင်းနဲ့

၂ ရက် တစ်ခေါက်လောက် ပုံမှန် ပြသာနာ တက်တာ မင်းနဲ့

ကုသိုလ်လုပ်ဖို ဘုရားသွားကျောင်းတက် ဦးတော်လုပ်တာ မင်းနဲ့

ရန်ကုန်မြိုလမ်းမပေါ် ခြေရာတွေမနည်းဘူး မင်းနဲ့

လူကြီးတွေမကြိုက်တဲ့အရာတွေ ခိုးလုပ်တာလဲ မင်းနဲ့

CHO : မင်းနဲ့ မင်းနဲ့ Ever ရန်ဖြစ်တယ် ပြန်ချစ်တယ်

ငါကတော့ ခံစစ်ပဲ မင်းနဲ့

ရူးလောက်အောင်ချစ်တယ်

ချစ်သလောက်လဲ ရူးတယ်

ဘယ်တော့မှ လမ်းမခွဲပါနဲ့

ငါ့လက်က်ိပဲ အမြဲတွဲပါ

မင်းနဲ့ မင်းနဲ့

ကလေးတွေမွေးမယ်

အသက်တွေကြီးလဲ ငါတိုနှစ်ယောက်က ဆေးပေးမီးယူ

မင်းနဲ့ da da da

မင်းနဲ့ da da da

ဘယ်တော့မှ လမ်းမခွဲပါနဲ့

ငါ့လက်ကိုပဲ အမြဲတွဲပါကွယ်